လောင်းလုံးတွင် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
2683

လောင်းလုံးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် (ဂ)ရပ်ကွက်တွင် ယနေ့(ဖေဖော်ဝါရီ ၁၀) မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်သတ်ခံရသူမှာ အသက် ၈၄ နှစ်အရွယ်ရှိ ဦးမောင်ငွေဆိုသူဖြစ်သည်။

လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဘယ်ဘက်မျက်လုံး ထက်အောက် သေနတ်ဒဏ်ရာရှိတယ် “ဟု ၎င်းကပြောသည်။

ဦးမောင်ငွေကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ဆိုသည်ကို မသိရသေးပေ။

အလောင်းကိုမူ ယနေ့မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ သယ်ဆောင်သွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စစ်ပြဲရွာအုပ်ချုပ်ရေးမှုးဟောင်း ဦးသားလေးဆိုသူမှာ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။