ကမြောကင်းတံတားပိတ်ပြီး စစ်ဆေးမှုတင်းကျပ်နေ

0
2828

ကမြောကင်းတံတား ဖြတ်သန်းသွားလာခွင့်ကို ယနေ့(ဇန်နဝါရီ ၂၁)နံနက် ၁၀ နာရီခန့်ကစပြီးပိတ်ထားကာ စစ်ဆေးမှု တင်းကျပ်လျက်ရှိသည်။

လောင်းလုံးဖက်မှ ထားဝယ်ဘက်သို့ သွားသည့် ခရီးသွားများကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားခြင်း ဖြစ်သည်။

ထားဝယ်ဖက်မှ လောင်းလုံးဖက်သို့လာသည့် ခရီးသွားပြည်သူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါခရီးသွားများကို စစ်ဆေးတင်းကျပ်လျက်ရှိသည်။

‘ဆိုင်ကယ်တစ်စီးချင်း ကားတစ်စီးချင်းစစ်နေတယ် “ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။

မည်သည့်အတွက်ကြောင့် ယင်းသို့တံတားပိတ်ပြီး စစ်ဆေးနေသည် ဆိုသည်ကိုမူ သိရသေးပေ။

တံတားပိတ်ထားခြင်းကြောင့် လောင်းလုံးမြို့နယ်မှ ထားဝယ်ဘက်သို့သွားသည့် ခရီးသွားပြည်သူများနှင့် ခရီးသည်တင်ကားများ ရာချီပိတ်မိနေသည်။

ယခုသတင်းဖော်ပြသည့် နေလယ် ၁၁ နာရီကျော်အချိန်အထိ အဆိုပါတံတားမှ ဖြတ်သန်းသွားလာမည် လောင်းလုံးဘက်မှ ခရီးသွားပြည်သူများကို ဖြတ်သန်းခွင့်မပြုသေးပေ။