နိုင်ငံခြားသား ငါမျှားသမားအဖွဲ့ကို ကော့သောင်းနယ်စပ်က‌နေ ပြည်နှင်ဒဏ်ပေး

0
2618

မြန်မာ့ရေပိုင်နက်အတွင်း ငါးဝင်မျှားသည့် နိုင်ငံခြားသာ ခုနစ်‌ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၁၈ရက်က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံသားသုံးဦး၊ ဗြိတိန်နိုင်ငံသားသုံးဦး၊ ဆွစ်ဇာလန်နိုင်ငံသားတစ်ဦးတို့ကို ကော့သောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့အာဏာပိုင်များထံ ဇန်နဝါရီလ ၁၇ ရက်က ပြည်နှင်ဒဏ်ပေးကာ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထား သည်။

အဆိုပါ နိုင်ငံခြားသား ခုနစ်ဦးသည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေထိုင်သူတစ်ဦး ပိုင်ဆိုင်သည့် အပျော်တမ်း ငါးမျှားလှေဖြင့် မြန်မာ့ရေပိုင်နက်တွင် ငါးဝင်မျှားသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းဘာသာစကားဖြင့်ဖြင့် ရေးသားထားသည့် အဆိုပါ အပျော်တမ်းငါးမျှားလှေကို ရေတပ်က ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းမိပြီး ၂၆ ရက်အကြာတွင် ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

ထိုင်း- မြန်မာ နယ်စပ်တစ်လျှောက်တွင် ဖမ်းမိသူများကို အပြန်အလှန်လွှဲပြောင်းပေးရန် နှစ်နိုင်ငံတာဝန်ရှိသူတို့ ဆွေးနွေးသဘောတူညီချက်ရှိပြီး ရနောင်းအချုပ်ထောင်ရှိ လွတ်ရက်စေ့ မြန်မာအလုပ်သမားများကိုလည်း မြန်မာဘက်သို့ တစ်လနှစ်ကြိမ်ခန့် လွှဲပြောင်းပေးလျှက်ရှိသည်။