‘စစ်တပ်ရဲ့ အခြေခံစီးပွားရေးထောက်တိုင်ကို ဖြိုချကြ’ သပိတ်လှုပ်ရှားမှု ပြုလုပ်

0
1985
ဓာတ်ပုံ - ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ

“စစ်တပ်ရဲ့ အခြေခံစီးပွားရေးထောက်တိုင်ကို ဖြိုချကြ” ဘန်နာကို ကိုင်စွဲ၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်တပ်၏ အခြေခံစီးပွားရေးထောက်တိုင်များ ဖြိုချရေးအတွက် အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။