ကော့သောင်းတွင် ဓာတ်ဆီဆိုင် မီးလောင်

0
2905

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် လမ်းမခြံဈေးအနီးရှိ ဓာတ်ဆီအရောင်းဆိုင်တစ်ဆိုင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုအား မီးတပ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပရဟိတ အသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်ရာတွင် ဆီဆိုင်တစ်ဆိုင်သာ လောင်ကျွမ်းခဲ့ပြီး ဆီဆိုင်နှင့်ကပ်လျက် နေအိမ်တစ်ဆောင်ရှိ တံခါးဘောင်များ မီးဟပ်ခံရကြောင်း ၎င်းက ပြောဆိုသည်။

မီးလောင်သည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးတို့အား မသိရသေးကြောင်း ၎င်းက ဆိုသည်။

ယင်းမီးလောင်မှုတွင် လူထိခိုက်မှုမရှိကြောင်း ပါဝင်ကူညီခဲ့သူအချို့ထံမှ သိရသည်။