ဆီးရီးယားမှာ စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့အတွက် မက်ဆီက ငွေကြေးထောက်ပံ့ပေး

0
2964
Photo - UNICEF

ကမ္ဘာ့ဖလားချန်ပီယံဆုကို အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ဆွတ်ခူးရရှိခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ ဟာ ဆီးရီးယားနိုင်ငံဆီက ဒုက္ခသည်ကလေးတွေအတွက် စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ပေးလိုက်တယ်လို့ သိရှိရပါတယ်။

အဲ့ဒီထောက်ပံ့ကြေးကို မက်ဆီ တည်ထောင်ထားတဲ့ အဖွဲ့အစည်းကနေ ပေးအပ်လိုက်တာဖြစ်ပြီး Marca သတင်းစာရဲ့ရေးသားဖော်ပြချက်တွေအရ မက်ဆီ ထောက်ပံ့ပေးလိုက်တဲ့ ငွေကြေးကြောင့် ဆီးရီးယားကလေးငယ် ၁,၆၀၀ ကျော်ဟာ အတန်းပညာကို ဆက်လက်သင်ယူဖို့ အခွင့်အရေးရသွားခဲ့ပြီလို့ သိရှိရပါတယ်။

မက်ဆီက ဆီးရီးယားကလေးငယ် ၁,၆၀၀ ကျော် ပညာဆက်လက် သင်ကြားနိုင်စေဖို့အတွက် စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ လှူဒါန်းလိုက်ကြောင်းကို ယူနီဆက်ဖ်(UNICEF)က လည်း သတင်းအတည်ပြုချက်ပေးအပ်ထားပါတယ်။

မက်ဆီဟာ လာမယ့်ဇန်နဝါရီလ ၁၉ ရက်နေ့ကိုရောက်ရင် ပီအက်စ်ဂျီအသင်းကို ကိုယ်စားပြုကာ ရီယာ့ခ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံဆီကို ရောက်လာမှာဖြစ်ပါတယ်။

အဲ့ဒီ ရီယာ့ဒ်ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုဆော်ဒီအာရေဗျ ထိပ်သီးကလပ်အသင်းနှစ်သင်းဖြစ်တဲ့ အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းဘက်မှာ အယ်လ်နတ်စ်ဆာဆီကို ကမ္ဘာ့လုပ်ခလစာအများဆုံးရ ကစားသမားစံချိန်နဲ့ ပြောင်းရွှေ့ရောက်ရှိနေသူ စီရော်နယ်ဒို ပါဝင်ကစားဖွယ် ရှိနေပါတယ်။