ရေးတွင် ရဲအုပ်တစ်ဦး ပစ်သတ်ခံရ၊ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရ

0
2824

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ယနေ့ နံနက်ပိုင်းက ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယနေ့ ဇနနြဝါရီလ ၉ရကြ နံနကြ ၆ နာရီခှဲအခွိနခြန့ကြ ရဲအုပညြီညီဝငြးဆိုသူသညြ ဆိုငကြယဖြှင့သြှားနစဉြေ လကဝြှေ့ရုံအနီးတှငြ အမညမြသိသနတေသြမား နှဈဦးက ဆိုငကြယဖြှင့လြာရောကြ ပဈခတသြှားခဲ့ခှငြးဖှဈကှောငငြး ၎င်းငျးငြးတို့က ပှောသညြ။

ရဲအုပ်ညီညီဝင်းသည် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း မြို့ခံတို့က ဆိုသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ညာဘက်ရင်အုံ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

“မနက်က ဖြစ်သွားတဲ့ဖြစ်စဉ်မှာ ရဲအုပ်ကတော့ ပွဲချင်းပြီးသေသွားတယ်။ အဲဒီအနားမှာ ရှိနေတဲ့ မိန်းကလေးတစ်ဦး လည်း ထိသွားတယ်။ ဒဏ်ရာတော့ ပြင်းထန်တယ်လို့ပြောတယ်။ မော်လမြိုင်ဆေးရုံကို ပို့ထားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါမိန်းကလေးကို လမိုင်းမြို့ဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရဲအုပ်ညီညီဝင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားအဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။

ယင်းသို့ပစ်ခတ်စဉ် အရပ်သားအမျိုးသမီးတစ်ဦးပါ ထိခိုက်သွားသည့်အပေါ် စိတ်မကောင်းကြောင်း ထုတ်ပြန်ထားပြီး အနူးအညွတ်တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ ရဲအုပ်ညီညီဝင်း၏ ရုပ်အလောင်းအား သယ်ဆောင်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း လမိုင်းမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မင်းကိုလည်း ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင်းက စစ်ကောင်စီတပ်၊ ရဲနှင့် ဝန်ထမ်းများကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိပြီး တပ်စခန်းများ၊ ဌာနဆိုင်ရာရုံးများ၊ စစ်ဆေးရေး ဂိတ်များကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။