မြိတ် တက်လက်ငယ်ရွာတွင် နေအိမ်မီးလောင်

0
2875

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ကျေးရွာတွင် ယနေ့ ညပိုင်းတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း ဒေသခံများထံမှ သိရသည်။

ည ၈ နာရီခွဲဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းပြီး ၉ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း ဒေသခံများက ပြောသည်။

“လောင်တဲ့အိမ်က ဓနိမိုးထရံကာ အိမ်ပါ။ ဘယ်လိုစလောင်တယ်ဆိုတာကတော့ စစ်ဆေးနေတုန်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

မီးလောင်ခဲ့သည့် အိမ်သည် တက်လက်ငယ်တံတားအနီး မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးနံဘေးတွင် တည်ရှိပြီး အိမ်ပိုင်ရှင်မှာ ဦးအေးဟန်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါမီးလောင်မှုကို မြိတ်ခရိုင်မီးသတ်စခန်းက ယာဉ်အုပ်စု မီးငြှိမ်းသတ်ရန် ထွက်ခွာသွားကြောင်း
မြိတ်ခရိုင်မီးသတ်စခန်းထံမှ သိရသည်။

သို့သော် မီးလောင်မှုနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ မသိရသေးပေ။