ပုလောတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်သားတစ်ဦးကျဆုံး

0
2806
Photo - KPDF Palaw

မြိတ်ခရိုင်၊ ပုလောမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ကျဆုံးကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF – Palaw) က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက် နံနက်က ကြဲကျေးရွာနှင့် တပိုကျေးရွာဖက်သို့ တက်လာသည့် စစ်ယာဉ်တန်းအား မိုင်းထောင်ရန် သွားသည့်လမ်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး ကျဆုံးခဲ့ရကြောင်း ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KPDF ဘက်ကမူ ရဲဘော်တစ်ဦးကျဆုံးပြီး M 16 တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ကျည်ဘောက်နှစ်ခုအပါအဝင် ကျည်ဆံအချို့ ဆုံးရှံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

KPDF နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး ကျဆုံးခဲ့ရသည့် ရဲဘော်အမည်ကိုမူ ဖော်ပြထားခြင်း မရှိချေ။

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF Palaw သည် ပုလောမြို့နယ်တွင် အခြေစိုက်၍ ပြည်သူ့ကာကွယ်ရေး တပ်များနှင့်အတူ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။