မောင်းမကန်တွင် အသံဗုံးနှစ်လုံးပေါက်ကွဲ

0
3157

လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးတွင် ဇန်နဝါရီလ ၄ ရက် ညနေ ၄ နာရီခွဲက အသံဗုံး နှစ်လုံးပေါက်ကွဲကြောင်း‌ ဒေသခံအချို့က ‌ပြောသည်။

တနင်္သာရီဟိုတယ်အနီးတွင် တစ်လုံး ပေါက်ကွဲပြီး DDPC ဘန်ဂလိုများအနီးက ကမ်းခြေအစပ်နေရာတွင် တစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီနားမှာ လူစည်နေတယ်ဆိုတော့ ခြောက်ပြီးခွဲတာဖြစ်မယ်” ဟု ၎င်းက ခန့်မှန်းသည်။

အသံဗုံး ပေါက်ကွဲမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိကြောင်း ဒေသခံအချို့က ပြောသည်။

မောင်းမကန်ကမ်းခြေမှာ စစ်အာဏာသိမ်းပြီးနောက် လူအသွားအလာမရှိသလောက်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပွင့်လင်းရာမှစ၍ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် အခါကြီးနေ့ကြီးများတွင်မူ ပြန်လည် စည်ကားလာသည်။

အသံဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ယနေ့တွင် လူအသွားအလာ နည်းသွားခြင်းမျိုးမရှိဘဲ ပုံမှန်အနေအထားအတိုင်းသာရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။