ထားဝယ် ကမြောကင်းတံတားပေါ်က အမျိုးသမီးတစ်ဦးခုန်ချ၊ အသက်ကယ်နိုင်ခဲ့

0
3603

ထားဝယ်မြို့ ကမြောကင်းတံတားပေါ်က ခုန်ချပြီးသေကြာင်းကြံစည်သည့် အမျိုးသမီးတစ်ဦးကို အသက်ကယ်တင်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

ထားဝယ်မြို့ခံ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦး ယနေ့ ဇန်နဝါရီလ ၁ရက် ညနေ ၄နာရီခန့်တွင် တံတားပေါ်က ခုန်ချခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထားဝယ်ဖက်ခြမ်း ကမြောကင်းတံတားသစ်နှင့် တံတားဟောင်းကြားကို ခုန်ချခဲ့ခြင်းဖြစ်ပြီး မျက်မြင်တွေ့ရှိသည့် ဒေသခံ လူငယ်အမျိုးသားနှစ်ဦးက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မျက်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

“သူခုန်ချတဲ့နေရာက ရေတိမ်တိမ်လေး။ ကမ်းနဲ့လည်းနီးနေတယ်ဆိုတော့ အဲဒီနားက မျက်မြင် တွေ့ရှိတဲ့ လူငယ်တွေကပဲ ဆင်းကယ်လိုက်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါအမျိုးသမီးတွင် ပြင်းထန်သည့် ဒဏ်ရာမျိုးမတွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသည် အချို့က ပြောသည်။

၎င်းကို အရေးပေါ်ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်းလည်း ၎င်းတို့က ဆိုသည်။