ပီမိုင်နှစ်သစ်ကူးကာလ မောတောင်-စင်ခွန်း နယ်စပ်ဂိတ် သုံးရက်ပိတ်မည်

0
2903

ထိုင်းနိုင်ငံ ( ပီမိုင် ) နှစ်သစ်ကူးကာလတွင် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ သုံးရက်ပိတ်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးမှ နယ်စပ်ဂိတ်အား သုံးရက်ပိတ်ပြီး ကုန်သွယ်ရေးလုပ်များ ဆောင်ရွက်ခြင်းအား ရပ်ဆိုင်းကာ အများပြည်သူနားရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း မြိတ်ရေထွက်ကုန်များတင်ပို့ရောင်းချနေသူများက ပြောပြသည်။

“ဂိတ်ပိတ်တဲ့သုံးရက်တော့ ကုန်တင်ပို့တာတွေ ခဏနားလိုက်ရမယ်” ဟု ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။

အဆိုပါဂိတ်အား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် လူခုနှစ်ရာနီးပါး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် နယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်အား ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စင်ခွန်းဂိတ်အနီးတွင် ကုန်သွယ်မှုစခန်းတစ်ခု တည်ဆောက်ပြီး ကိုဗစ်ဆိုင်ရာလိုက်နာရမည့် စည်းကမ်းများသတ်မှတ်ကာ ကုန်သွယ်ရေးလုပ်ငန်များ ဆောင်ရွက်နေခြင်း ဖြစ်သည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ်သည် မြိတ်ဒေသထွက် ရေထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အရေးပါသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။