ထားဝယ်အထူးစီးပွားရေးဇုန် ရဲစခန်းတိုက်ခိုက်ခံရ

0
3204

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်၏ လုံခြုံရေး ရဲကင်းစခန်း ယနေ့မနက်ပိုင်းက တိုက်ခိုက်ခံလိုက်ရသည်ဟု ကနဦးသတင်းရရှိသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ထိခိုက်ကျဆုံးဒဏ်ရာရရှိမှု အခြေအနေကိုမူ မသိရသေးပေ။

ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် ရေဖြူမြို့ ဖက်က စစ်ကောင်စီတပ်သားများ စစ်ကူဝင်လာသည့်အတွက်ကြောင့် ဝက်ချောင်းရွာ၊ခမောင်းချောင်းရွာ ၊ ထိန်ကြီးရွာ၊ လဲရှောင်ရွာ မှ ဒေသခံအများစုမှာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများထံမှသိရသည်။