မက်ဆီ၊ အမ်ဘတ်ပေတို့နဲ့ တစ်ခေတ်တည်း ရှင်သန်ခဲ့သူအဖြစ် အမေ့ခံကျွန်တော့်ကို သတိရပေးပါ

0
2929

တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်လို့ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ယူသွားခဲ့တဲ့ သမိုင်းဝင် ကမ္ဘာ့ဖလားဗိုလ်လုပွဲအကြောင်းကို ပြောဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်၊ မက်ဆီနဲ့ အမ်ဘတ်ပေ ဆိုတဲ့ အမည်နာမတွေကို ရေရွတ်မိခဲ့ရင်ပဲဖြစ်ဖြစ် အဲ့ဒီလို ကစားသမားတွေ ထွန်းတောက်ခဲ့တဲ့ ခေတ်ကြီးထဲမှာ ဒီမာရီယာ ဆိုတဲ့ အမေ့လျော့ခံ သူရဲကောင်းတစ်ယောက်လည်း ရှိနေခဲ့ဖူးတယ်ဆိုတာကို သတိရစေချင်ပါတယ်။

ဒီမာရီယာရဲ့နာမည်က အိန်ဂျယ်လ် ဒီမာရီယာပါ။

အိန်ဂျယ်ဆိုတာက နတ်သားလို့ အဓိပ္ပါယ်ရပါတယ်။

မက်ဆီကို ရာဇဝင်တွင်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ နောက်ကွယ်ကနေ နတ်သားတစ်ပါးက ကူညီပေးခဲ့တယ်ဆိုရင် အဲ့ဒီအိန်ဂျယ်နတ်သားဟာ ဒီမာရီယာပါပဲ။ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးမှာ နတ်သားတစ်ပါးက ကူညီခဲ့တယ်ဆိုရင်လည်း အဲ့ဒီနတ်သားဟာ အိန်ဂျယ် ဒီမာရီယာ ဖြစ်နေမှာပါပဲ။