တနင်္သာရီဆောင်း ပုံမှန်ထက်ပိုအေးမည်

0
3542

တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ နောက်ဆုံးဆယ်ရက်တွင် ပုံမှန်ထက်အအေးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ ၂၁ ရက်မှ လကုန်သည်အထိ ဆယ်ရက်အတွင်း ပုံမှန်ညအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကြောင့် တနင်္သာရီတိုင်းတွင် ယခင်နှစ်ဒီဇင်ဘာလကထက် အနည်းငယ်ပိုအေးမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသင့်အတင့်ရှိသည့် လာနီညာရာသီဥတု စတင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကထုတ်ပြန်ထားသည်။

လာနီညာရာသီဥတုမှာ စိုစွတ်၊ အေးမြသည့် ရာသီဥတုအမျိုးအစားတစ်ခုဖြစ်သည်။