လောင်းလုံးရှိ နေအိမ်တစ်ဆောင် သူခိုးခိုးခံရပြီး ရွှေနှင့် ငွေကျပ်သိန်း ၂၀ ခန့်ပါသွား

0
2954

လောင်းလုံးမြို့နယ်၊(ဂ)ရပ်ကွက် စောင်းကြိုးလမ်းတွင် ယနေ့နံနက် ငါးနာရီခန့်က နေအိမ်တစ်ဆောင်တွင် ရွှေနှင့်ငွေသားများ အခိုးခံလိုက်ရကြောင်း သိရှိရသည်။

အခိုးခံရမှုကြောင့် ငွေသား ကျပ်သိန်း ၂၀ ခန့်နှင့် ရွှေတစ်ဆယ်သားခန့်ပါသွားသည်ဟု ကနဦးသိရသည်။

အဆိုပါနေအိမ်တွင် အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဦးသန်းကြွယ်ဆိုသူနှင့် မြေးဖြစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသာနေထိုင်ခြင်းဖြစ်သည်။