ကပ်နိုင်တဲ့ရလဒ်မျိုးနဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ဆီကို ပြင်သစ် တက်လှမ်းလိမ့်မယ်

0
2126

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဒုတိယမြောက် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။

ခံစစ်ကစားပုံ သေသပ်လွန်းတာကြောင့် နာမည်ကောင်းရရှိနေတဲ့ မော်ရိုကိုဟာ ပြင်သစ်တိုက်စစ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပါ့မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။

လက်ရှိချန်ပီယံ ပြင်သစ်ကလည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက် ဆွတ်ခူးရရှိတဲ့အသင်းအဖြစ် သမိုင်းမှတ်တမ်းတစ်ခုရေးဖို့ ဆန္ဒပြင်းပြနေပါတယ်။

မော်ရိုကိုအနေနဲ့ကတော့ သာမန်ပွဲကစားချိန် မိနစ် ၉၀၊ အချိန်ပို မိနစ် ၃၀ တွေမှာ ပြင်သစ်တိုက်စစ်ကို တောင့်ခံပြီး ပင်နယ်တီအဆုံးအဖြတ်ဆီ ရောက်တဲ့အထိ ပွဲကို ဆွဲခေါ်နိုင်အောင် ကြိုးစားပါလိမ့်မယ်။

ဒီပွဲစဉ်ကို မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။

Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။
https://anchor.fm/dawei-watch/episodes/ep-e1s7svl

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/CF9t8W1EGnY