ထားဝယ်အရှေ့တောနယ် ပြည်သူ့ကာကွယ်ရေးတပ် လက်နက်သိုလှောင်ရုံ အသိမ်းခံရ

0
3669
ပုံ / စကစတပ်သားများသိမ်းဆီးသွားသည့် DEF-PDFဖွဲ့ ၏လက်နက်ခဲယမ်းများ။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လက်နက်သိုလှောင်ရုံ တစ်ခု အသိမ်းခံရကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ် ပ.က.ဖ) က ယနေ့ ဒီဇင်ဘာလ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က သိမ်းဆည်းသွားသည့် လက်နက်ခဲယမ်းများ၏ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ဖိုးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အရှေ့တောဒေသကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် ဝကုန်းရွာက နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး လက်နက်ခဲယမ်း သိုလှောင်ထားသည့်နေရာမှာလည်း သတင်းပေးဒလန်တစ်ဦးကြောင့် သိမ်းဆည်းခံလိုက်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။