ဒဂုံတက္ကသိုလ်ကျောင်းသားများ သေဒဏ်ပေးမှု နီပေါကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မြန်မာသံရုံးရှေ့ဆန္ဒပြ

0
3055
ဓာတ်ပုံ - နီပေါကျောင်းသားသမဂ္ဂ

စစ်ကောင်စီတရားရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား ၁၀ ဦးကို သေဒဏ်ချလိုက်မှုအပေါ် နီပေါနိုင်ငံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက နီပေါရှိမြန်မာသံရုံးရှေ့တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယင်းမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် နီပေါကျောင်းသားများက မြန်မာပြည်မှသူငယ်ချင်းများကို ကွက်မျက်မှုများ ရပ်တန့်ပေးပါ ဟု တောင်းဆိုခဲ့ရာ နီပေါရဲများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။

မြန်မာကျောင်းသားများ၏ သေဒဏ်ကို ပယ်ဖျက်သင့်ကြောင်း Human Rights Watch အဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့ကလည်း တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် သေဒဏ်ပေးထားသော အမှုများသည် တံခါးပိတ်ပြီး စံချိန်မမီသော တရားခွင်များကချမှတ်သော ပြစ်ဒဏ်များဖြစ်ကြောင်း HRW က ထောက်ပြထားသည်။

အဆိုပါ တရားခွင်များသို့ မိသားစုဝင်များ၊ အများပြည်သူနှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်နားထောင်ခွင့် မရရှိပေ။

စစ်တပ်ကြီးစိုးသော တရားစီရင်ရေးသည် အာဏာသိမ်းပြီးကတည်းက သေဒဏ် ၁၃၈ မှု ပေးထားပြီး မျက်ကွယ်သေဒဏ်များလည်း ရှိသည်။

နာမည်ကျော်အတိုက်အခံခေါင်းဆောင် ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား၄ ဦးကိုလည်း ဇူလိုင်လ အတွင်းက ကွက်မျက်ခဲ့သေးသည်။