စင်္ကာပူနှင့်နယူးယောက်ကို ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ်အကြီးဆုံး မြို့များအဖြစ်သတ်မှတ်

0
3389

ကမ္ဘာ့စျေးအကြီးဆုံး မြို့တော်ကြီးများအဖြစ် နယူးယောက်နှင့် စင်္ကာပူစီးတီးတို့က ရပ်တည်လျက်ရှိကြောင်း Economist Intelligence Unit (EIU) စစ်တမ်းက ဖော်ပြထားသည်။

နယူးယောက်သည် စျေးအကြီးဆုံး မြို့စာရင်းတွင် ထိပ်ဆုံးက ရှိနေပြီး၊ ပြီးခဲ့သည့်နှစ်က နေထိုင်မှုစရိတ်အမြင့်ဆုံး မြို့အဖြစ် သတ်မှတ်ခံရသည့် အစ္စရေးနိုင်ငံ တဲအဗစ်မြို့က တတိယနေရာတွင် ရပ်တည်နေခဲ့သည်။

တစ်ကမ္ဘာလုံး၏ ပျမ်းမျှနေထိုင်ရပ်တည်မှု စရိတ်များသည် ယခုနှစ်အတွင်း ၈ ဒသမ ၁ ရာခိုင်နူန်းအထိ မြင့်တက် လာခဲ့ကြောင်း EIU စစ်တမ်းအရ သိရှိရသည်။

ယူကရိန်း စစ်ပွဲနှင့် ကိုဗစ်သက်ရောက်မှုများက ကုန်ထုတ်လုပ်မှု လမ်းကြောင်းကို ထိခိုက်မှုများ ရှိခဲ့ကာ ယင်းကိစ္စက စျေးကြီးလာရခြင်း၏ အဓိက အချက်တစ်ခု ဖြစ်သည်။

ငွေကြေးဖောင်းပွမှု အမြင့်ဆုံးကြုံရသည့် မြို့က တူရကီ၏ အစ္စတန်ဘူ ဖြစ်ကာ ၈၆ ရာခိုင်နူန်း ငွေကြေးဖောင်းပွ လာခဲ့သည်။ အာဂျင်တီးနား ၏ ဗြူနိုစ်အေရိစ် က ၆၄ ရာခိုင်နူန်းစျေးတက်ကာ ၊ အီရန်မြို့တော် တီဟီရန် က ၅၇ ရာခိုင်နူန်း စျေးကြီးသွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးဖောင်းပွနေခြင်းကလည်း နယူးယောက်အနေဖြင့် အသုံးစရိတ်စျေးအကြီးဆုံး မြို့စာရင်း ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့မြို့တော်ကြီး ၁၇၂ မြို့တွင် ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးပေါင်း (၂၀၀) ကျော်ကို တိုင်းတာတွက်ချက်ပြီး သတ်မှတ်ထားခြင်း ဖြစ်သည်။