အယ်ဇိုင်းမား ဝေဒနာကို ကုသနိုင်မည့် ဆေးပေါ်ပြီ

0
3316

အယ်ဇိုင်းမားဝေဒနာကြောင့် ဦးနှောက်ပျက်စီးခြင်းကို နှေးကွေးအောင် လုပ်ဆောင်နိုင်သည့် ပထမဆုံး ဆေးဝါးကို ကြေညာခဲ့ရာ အယ်ဇိုင်းမားတိုက်ဖျက်ရေး ဆေးလောကတွင် သမိုင်းဝင်အောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တိုင် ထူနိုင် ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အယ်ဇိုင်းမား ဆိုသည်မှာ အတွေ့ရများသော ဒီမန်ရှာ ဝေဒနာဖြစ်ပြီး သက်ကြီးရွယ်အိုများတွင် ဦးနှောက်အာရုံကြောများ အားနည်းသွားပြီး ဦးနှောက်ကျုံ့ပြီး ကွယ်လွန်သော ဝေဒနာဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ထိုဝေဒနာကို ကုသဆေးထုတ်ခဲ့သော်လည်း မအောင်မြင်မှုများကို ကြုံတွေ့ခဲ့ရာမှ ယခု နောက်ဆုံး ပြုလုပ်သည့် သုတေသနသည် ဝေဒနာကုသရေးအတွက် များစွာ အောင်မြင်မှုရရှိခဲ့သည်။

Lecanemab ဟု အမည်ရသည့် အဆိုပါဆေးတွင် ဘေးထွက် သက်ရောက်မှု အနည်းငယ်ရှိပြီး ၊ လူအများ၏ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုများ ရှိလာမည်ကို ဆွေးနွေးငြင်းခုန်မှုများတော့ ရှိဆဲဖြစ်သည်။

အယ်ဇိုင်းမား ဝေဒနာရှင်များ၏ ဦးနှောက်အတွင်း ဖြစ်ပွါးသည့် beta amyloid ခေါ် ဖျက်ဆီးသည့် ဆဲလ်များကို Lecanemab ဆေးက တိုက်ဖျက်ခြင်း ဖြစ်သည်။

ယခုနောက်ဆုံး စမ်းသပ်တွေ့ရှိမှုများသည် အလွန်အောင်မြင်သော ရလဒ်များဖြစ်သည်ဟု ဗြိတိန် အယ်ဇိုင်းမား သုတေသန အဖွဲ့က ထုတ်ပြန်ကြောင်း သတင်းများက ဖော်ပြထားသည်။

“အယ်ဇိုင်းမား ကုသဖို့အတွက် စဦး အရှိန်ကို ရရှိပါပြီ” ဟု အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ပါမောက္ခ တာရာစပီရက်စ်ဂျုန်းစ် က ပြောကြားသည်။