ပြင်သစ်ဟာ နိုင်ပွဲနဲ့အတူ ဆက်လက် ရောက်ရှိလာပါလိမ့်မယ်

0
3042

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ အုပ်စု(C) နဲ့ အုပ်စု(D) တို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အုပ်စု(C) ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ ပိုလန်နဲ့ အာဂျင်တီးနား၊ ဆော်ဒီအာရေဗျနဲ့ မက္ကဆီကိုတို့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

ဒီအုပ်စုမှာ အသင်းလေးသင်းလုံးက မျှော်လင့်ချက်ကိုယ်စီ ရှိနေသေးတဲ့အတွက် နှစ်ပွဲလုံးက ပွဲကောင်းတွေ ဖြစ်လာမှာပါ။ အုပ်စု(D)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တူနီးရှား၊ ဩစတြေးလျနဲ့ ဒိန်းမတ်တို့ ကစားရဖို့ ရှိနေပါတယ်။

ပွဲစဉ်ရေးဆွဲထားမှု အချိန်ဇယားအရ အုပ်စု(D)က ပွဲစဉ်တွေဟာ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ တပြိုင်တည်း ယှဉ်ပြိုင်ကစားရမှာပါ။

အုပ်စု(C)ရဲ့ ပွဲစဉ်နှစ်ပွဲကတော့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ Sweet December အဖြစ် အားပြိုင်ကြဖို့ ရှိနေပါတယ်။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/KD5YB6MMsa4