လိမ္မော်ရောင်ကမ္ဘာထဲမှာ နယ်သာလန်တေးကို ဆိုမယ်

0
2997

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ အုပ်စုတစ်ခုချင်းအလိုက် အဆုံးအဖြတ်ပေးမယ့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွေ စတင်ပါပြီ။ အုပ်စုနောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့အတွက် ပွဲချိန်တူညီ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

အုပ်စု(A)က အဆုံးအဖြတ်ပွဲစဉ် နှစ်ပွဲကိုတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်စေမှာပါ။ အုပ်စု (A)မှာ နောက်ဆုံးပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့နေတဲ့အတွဲအဖက်တွေကတော့ အိမ်ရှင် ကာတာနဲ့ နယ်သာလန်၊ အီကွေဒေါနဲ့ ဆီနီဂေါတို့ပဲ ဖြစ်ပါတယ်။

နောက်တစ်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကို ကူးပြောင်းပြီးရင်တော့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အုပ်စု(B)က ပွဲစဉ်နှစ်ပွဲကို အချိန်တူ ယှဉ်ပြိုင်စေမှာပါ။
အုပ်စု(B)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ အင်္ဂလန်နဲ့ ဝေလ၊ အီရန်နဲ့ အမေရိကန်တို့ တွေ့ဆုံနေပါတယ်။