ဘယ်သူတွေ နောက်တစ်ဆင့် တက်သွားမလဲ

0
4304

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အရှိန်မြင့်သထက် မြင့်တက်လို့ လာခဲ့ပါပြီ။

အုပ်စုဒုတိယပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာ တချို့အသင်းတွေလည်း အိမ်ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်လိုက်ရပြီဖြစ်သလို တချို့အသင်းတွေကတော့ နောက်တစ်ဆင့်တက်နိုင်ရေးအတွက် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဘယ်လိုကစားမလဲဆိုတာ ပြင်ဆင်နေရပြီဖြစ်ပါတယ်။ တကယ်တော့ အုပ်စုအများစုဟာ ပြတ်ပြတ်သားသား မဖြစ်သေးပါဘူး။

ဘယ်အသင်းတွေက နောက်တစ်ဆင့်ဆီကို ကျိန်းသေပေါက် တက်ရောက်လာနိုင်တယ်ဆိုတာ မှန်းဆလို့ ရနေပြီဖြစ်ပေမယ့် အုပ်စု ပထမနေရာကို ရရှိလေမလား၊ အုပ်စုဒုတိယနဲ့ပဲ တက်လာလေမလားကတော့ တွက်ဆရခက်ခဲနေဆဲပဲဖြစ်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကို ထည့်သွင်းပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ ပွဲလမ်းကြောင်းတွက်ဆမှုပါပဲ။ အသင်းကြီးအများစုဟာ ပွဲလမ်းကြောင်းကို ချိန်ဆနေကြပါတယ်။

ဘယ်လ်ဂျီယံက မော်ရိုကို,ကို အရေးနိမ့်တဲ့နေ့မှာ စပိန်က ဂျာမနီကို အပြတ်မကန်ဘဲ သရေထိန်းကန်သွားတာဟာ ပွဲလမ်းကြောင်းကြောင့်ပါပဲ။

တစ်ဖက်မှာ ဘယ်လ်ဂျီယံက အုပ်စုပထမဖြစ်မလား၊ ဒုတိယဖြစ်မလားကို ကြည့်မယ်၊ အုပ်စုဗိုလ်လမ်းကြောင်းကနေ သွားရင် ပွဲကျပ်နိုင်လား၊ အုပ်စုဒုတိယလမ်းကြောင်းကနေ သွားရင် ပွဲချောင်နိုင်လား စသဖြင့် စပိန် တွက်ဆတာမျိုး ရှိနေတာ လုံးဝ ကျိန်းသေပါတယ်။ လက်ရှိမှာ သူ့အုပ်စုကို သူကြိုက်သလို ဖန်တီးလိုက်နိုင်တဲ့အနေအထားက စပိန်ရဲ့လက်ထဲမှာ ရှိလို့နေပါတယ်။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/KMUWjQycfzc