ယုံကြည်ရမှာက ဘရာဇီးပဲ

0
3033

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ အုပ်စု(G)နဲ့ အုပ်စု(H)တို့က အုပ်စုဒုတိယပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ နောက်တစ်ဆင့်တက်ရောက်ရေးအတွက် အဆုံးအဖြတ်ပွဲစဉ်တွေ ပါဝင်နေလို့ ပွဲကောင်းတွေကို တဝကြီး ရှုစားကြရဦးမှာပါ။

မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်မှာ စတင်ယှဉ်ပြိုင်မယ့်ပွဲစဉ်ကတော့ ကင်မရွန်းနဲ့ ဆားဘီးယားပွဲစဉ် ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရလဒ်ကို ရယူနိုင်တဲ့အသင်းက နောက်တစ်ဆင့်တက်ဖို့အတွက် မျှော်လင့်ချက် ရှင်သန်လာမှာပါ။

မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာတော့ အာရှတိုက်ကိုယ်စားပြု တောင်ကိုရီးယားက အာဖရိကတိုက်ကိုယ်စားပြု ဂါနာကို ရင်ဆိုင်ရမယ့်ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။ ကစားအားကောင်းတဲ့အသင်းနှစ်သင်း အားပြိုင်မယ့်ပွဲစဉ်ဖြစ်နေလို့ လက်မလွတ်တမ်း စောင့်ကြည့်ကြရမှာပါပဲ။

မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာတော့ နာမည်ကြီး ဘရာဇီးက ဆွစ်ဇာလန်ကို ရင်ဆိုင်မယ့်ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။

နောက်တစ်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ဆီကို ကူးပြောင်းပြီး မနက် ၁ နာရီခွဲကို ရောက်ရင်တော့ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ပေါ်တူဂီနဲ့ ဥရုဂွေးတို့ ကစားမယ့်ပွဲစဉ် ရောက်ရှိလာမှာပါ။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/t6tbr-qW3Z8