ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားတို့ နိုင်ပွဲရဖို့ သေချာနေတယ်

0
3191

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲ ရှိလို့နေပါတယ်။

မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ကိုရောက်ရင် အာရှထိပ်သီး ဂျပန်နဲ့ ကွန်ကာကပ်ဖ်ဇုန်က ကော်စတာရီကာတို့ရဲ့အားပြိုင်မှုကို စတင်ရှုစားကြရမှာပါ။

အဲ့ဒီပွဲစဉ်ပြီးရင်တော့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲအချိန်မှာ ဘယ်လ်ဂျီယံနဲ့ မော်ရိုကိုတို့ အားပြိုင်မယ့်ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။

ည ၁၀ နာရီခွဲမှာ ကစားမယ့်ပွဲစဉ်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တဲ့ ခရိုအေးရှားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်တွေထဲက တစ်သင်းဖြစ်တဲ့ ကနေဒါတို့ရဲ့ပွဲစဉ်ပါပဲ။

နိုဝင်ဘာလ ၂၈ ရက်နေ့ဆီကို ကူးပြောင်းပြီးလို့ မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင် ထိပ်သီးအသင်းကြီးနှစ်သင်း အားပြိုင်မယ့် ပွဲကောင်းတစ်ပွဲ ရောက်ရှိလာပါလိမ့်မယ်။ အဲ့ဒီပွဲစဉ်ကတော့ စပိန်နဲ့ ဂျာမနီတို့ အားပြိုင်မယ့်ပွဲစဉ်ပဲ ဖြစ်ပါတယ်။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/BBiqKWd6WJE