အာဂျင်တီးနားအတွက် အဆုံးအဖြတ်ပွဲစဉ် လာပြီ

0
4368

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာလည်း အကြိတ်အနယ်ပွဲကောင်းတွေက ပါဝင်လို့နေပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်တုန်းက ပြင်သစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ဩစတြေးလျဟာ တူနီးရှားနဲ့ ကစားရဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲမှာ ယှဉ်ပြိုင်ကစားစေမှာပါ။

ဒီပွဲစဉ် ပြီးသွားရင်တော့ အာဂျင်တီးနားကို အနိုင်ယူပြလိုက်လို့ နာမည်ကြီးနေတဲ့ ဆော်ဒီအာရေဗျက ပိုလန်ကို ရင်ဆိုင်မယ့်ပွဲစဉ်ရောက်ရှိလာပါလိမ့်မယ်။

ည ၁၀ နာရီခွဲအချိန်မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ခြေတက်နေတဲ့ ဒိန်းမတ်တို့ အားပြိုင်မယ့်ပွဲစဉ် ရောက်ရှိလာမှာပါ။

နိုဝင်ဘာလ ၂၇ ရက်နေ့ဆီကို ကူးပြောင်းပြီးတဲ့နောက် မနက် ၁ နာရီခွဲအချိန်ရောက်ရင် အာဂျင်တီးနားရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်ပွဲစဉ် ကစားရပါလိမ့်မယ်။ ဒီတစ်ပွဲမှာ အာဂျင်တီးနားရင်ဆိုင်ရမယ့်ပြိုင်ဘက်က မက္ကဆီကို ပါပဲ။