ကာတာနဲ့ အီရန် ရလဒ်ကောင်းဖို့ မလွယ်ဘူး၊ အင်္ဂလန် ဂိုးပြတ်နိုင်ဖို့ မလွယ်ဘူး

0
4435

ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်တွေ စတင်ပါပြီ။ ပွဲစဉ်တွေကလည်း မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ကတည်းက စတင်မှာဖြစ်လို့ တဝကြီး ကြည့်ရှုခံစားခွင့်ကို ရရှိဦးမှာပါ။

ညနေ ၄ နာရီခွဲမှာတော့ ဝေလနဲ့ အီရန်တို့ရဲ့ပွဲစဉ် စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ည ၇ နာရီခွဲအချိန်ရောက်ရင်တော့ အိမ်ရှင်ကာတာနဲ့ ဆီနီဂေါတို့ရဲ့ပွဲစဉ်ကို ရှုစားရမှာပါ။

ည ၁၀ နာရီခွဲအချိန်ကိုရောက်ရင် နယ်သာလန်နဲ့ အီကွေဒေါတို့ပွဲစဉ်ကို ကစားစေမှာပဲဖြစ်ပါတယ်။

နောက်တစ်နေ့ဆီကို ကူးပြောင်းသွားတဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁ နာရီခွဲမှာတော့ အင်္ဂလန်နဲ့ အမေရိကန်တို့ရဲ့ပွဲစဉ် ရောက်ရှိလာမှာပါ။

ကမ္ဘာ့ဖလားဟာ တဖြည်းဖြည်းချင်း ဇာတ်ရှိန်မြင့်တက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။