ပုလော၊ ကြဲရွာတွင် ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦး ပစ်သတ်ခံရ

0
3684

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲရွာတွင် ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ကြဲရွာတွင် လမ်းခင်းကျောက် ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် အသက် ၅၀ ကျော်အရွယ် ဦးစိုးဝေသည် နိုဝင်ဘာလ ၂၃ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။

“သူ့လုပ်ငန်းဆိုဒ်ထဲမှာ ပစ်သတ်ခံရတယ်။ ဒီနေ့မနက်ကပဲ သူ့အလောင်းကို ပုလောသယ်သွားတယ်” ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အသတ်ခံရသူသည် စစ်ကောင်စီတပ်များနှင့် ဆက်စပ်ပတ်သက်မှုရှိသူဖြစ်ပြီး ကြဲရွာတွင် နေထိုင်လေ့ရှိသည်ဟု ဒေသခံများကပြောသည်။

သို့သော် ဦးစိုးဝေကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို အတည်မပြုနိုင် သေးပေ။

စက်တင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီခန့် ကြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂွမ်တင် ၎င်းနေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။