သေချာမှုအားလုံးက ဘရာဇီးဆီမှာပဲ ရှိနေတယ်

0
4311

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ်တွေကို တဝကြီး ကြည့်ရှုခံစားရဦးမှာပါ။
မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ကတည်းက ဆွစ်ဇာလန်နဲ့ ကင်မရွန်းပွဲစဉ်ကို စတင်ရှုစားရပါလိမ့်မယ်။

ည ၇ နာရီခွဲအချိန်ကိုရောက်ရင်တော့ ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ အားပြိုင်မယ့် ပွဲကောင်းတစ်ပွဲက အသင့်စောင့်ကြိုနေပါတယ်။ ညနက်ပိုင်း ပွဲစဉ်နှစ်ပွဲကတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲကြီးပွဲကောင်းတွေပါ။

ည ၁၀ နာရီခွဲ ပွဲစဉ်က စီရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီနဲ့ အာဖရိကမှာ ခြေစွာနေတဲ့ ဂါနာတို့ အားပြိုင်မယ့်ပွဲစဉ်ပါ။

နောက်တစ်နေ့ မနက်ဆီကို အချိန်ကူးပြောင်းသွားတဲ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အားပြိုင်မှာကတော့ နာမည်ကြီး ဘရာဇီးနဲ့ ဆားဘီးယားတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။

ဒီနေ့မှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရရှိနိုင်လေမလဲဆိုတာ ရင်ခုန်လိုက်ကြရအောင်လား။