“ငါတို့ဘီယာ ငါတို့ပြန်ပေး” လို့ ပွဲကြည့်စင်ပေါ်ထက်က ကြွေးကြော်ပြီး ကာတာကိုဆန္ဒပြ

0
2642

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာတာကို အီကွေဒေါက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တဲ့ပွဲစဉ်အတွင်း ကာတာပရိသတ်တွေဟာ ပွဲကြည့်စင်ထက်ကနေ “ငါတို့ဘီယာ ငါတို့ပြန်ပေး”လို့ ကြွေးကြော်အော်ဟစ်က ဆန္ဒထုတ်ဖော်သွားတယ်လို့ သိရပါတယ်။

အီကွေဒေါပရိသတ်တွေဟာ စပိန်ဘာသာစကားနဲ့ queremos cerveza လို့ ပြိုင်တူညီညာ ကြွေးကြော်အော်ဟစ်ခဲ့ကြပြီး ဒီစကားလုံးကို အင်္ဂလိပ်နဲ့ ဘာသာပြန်ရင် We Want Beer၊ မြန်မာစကားနဲ့ ဆီလျော်အောင် ဘာသာပြန်ရင် ငါတို့ဘီယာ ငါတို့ပြန်ပေးလို့ အနက်ရရှိကြောင်း သတင်းကြားသိရပါတယ်။

ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲမှာတင် စံချိန်သစ်တစ်ခု တင်ရှိလိုက်နိုင်ပြီး အဲ့ဒီစံချိန်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဖွင့်ပွဲမှာ အရှုံးရလဒ်ကို ပထမဆုံးကြုံရတဲ့ အိမ်ရှင်အသင်းဆိုတာပဲဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခဲ့တဲ့ ၉၂ နှစ်သက်တမ်းကာလအတွင်း ကာတာဟာ အုပ်စုအဖွင့်ပွဲကို ပထမဆုံးရှုံးနိမ့်လိုက်ရတဲ့ အိမ်ရှင်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ခြေစွမ်းပိုင်းဆိုင်ရာမှာလည်း ကာတာက အီကွေဒေါကို ယှဉ်နိုင်စွမ်းမရှိခဲ့တာ မြင်ခဲ့ကြရပါတယ်။

ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်တဲ့ ကာတာဟာ ဘီယာကို ဘောလုံးကွင်းထဲက ပွဲကြည့်စင်တွေထက် သောက်ခွင့်ပေးမထားဘဲ သောက်ခွင့်ပေးထားတယ်ဆိုတဲ့နေရာကလည်း ကန့်သတ်အဖြစ် သတ်မှတ်ပေးထားတဲ့ နေရာတွေဖြစ်နေပါတယ်။

ကာတာဟာ LGBTQ တွေကို ခွဲခြားဆက်ဆံတာ၊ အမျိုးသမီးအခွင့်အရေးကို အလေးအနက်မထားတာ၊ ကမ္ဘာ့ဖလား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် ခေါ်ယူခဲ့တဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်ဆက်ဆံတာတွေကြောင့်လည်း ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။