ထင်ရှားသော အီရန်သရုပ်ဆောင်မင်းသမီးနှစ်ဦး လူထုအုံကြွမှုကို ထောက်ခံသဖြင့် အဖမ်းခံရ

0
3248

အစိုးရဆန့်ကျင်ရေး အုံလိုက်ကျင်းလိုက် ဆန္ဒပြပွဲများကို လူသိထင်ရှား ထောက်ခံခဲ့သဖြင့် အီရန်ရုပ်ရှင်မင်းသမီး နှစ်ဦး အဖမ်းခံထားရကြောင်း BBC သတင်းက ဖော်ပြထားသည်။

ဟန်ဂါမာဂါဇီယာနီ နှင့် ကာတာယွန်ရီရာဟီ တို့ကို အီရန်အာဏာပိုင်အား ဆန့်ကျင်မှု၊ ပူးပေါင်းပါဝင်မှုတို့ဖြင့် အရေးယူထားကြောင်း အီရန်အစိုးရမီဒီယာက လည်း ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးများသည် ဆန္ဒပြသူများနှင့် တစ်သားတည်း ရပ်တည်သည့် အနေဖြင့် ဦးခေါင်းခြုံထည်များ မပါဘဲ အများမြင်ကွင်းရှေ့ကို ထွက်လာခဲ့ကြသည်။

အဖမ်းခံထားရသည့် အမျိုးသမီးတစ်ဦး သေဆုံးသည့်အတွက် မကျေနပ်ရာမှ စက်တင်ဘာလတွင် ဆန္ဒပြပွဲများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြို့တော် တီဟီရန်တွင် အသက် (၂၂) နှစ်အရွယ် အမျိုးသမီး မာရှာအမီနီ သည် တင်းကျပ်စွာ ချမှတ်ထားသော ဦးခေါင်းခြုံထည်ဝတ်ဆင်ရမည့် ဥပဒေသကို ချိုးဖောက်ခဲ့ရမှာ အကျင့်စာရိတ္တကွပ်ကဲရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းကို ခံရခြင်း ဖြစ်သည်။ နောက် (၃) ရက်ကြာသည့်အခါ သူ သေဆုံးခဲ့ရသည်။

အကယ်ဒမီဆုများစွာ ရရှိထားသော မင်းသမီးနှစ်ဦးသည် အမီနီသေဆုံးမှုကို ကန့်ကွက်သော ဦးခေါင်းခြုံထည် ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ထောက်ခံခဲ့သဖြင့် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

“ဘာတွေပဲ ဖြစ်နေပါစေ၊ ကျွန်မကတော့ အီရန်ပြည်သူတွေနဲ့ပဲ ရပ်တည်သွားမှာပါ” ဟု မစ်စ်ဂါဇီနီ က ပြောကြားခဲ့သည်။