ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီတို့လည်း ချန်ပီယံဖြစ်ခွင့်ရဖို့ စိတ်ကူးယဉ်နေတယ်

0
3162

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၈)

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်လာပြီဆိုတော့ ဘယ်အသင်း ချန်ပီယံဖြစ်သွားလေမလဲဆိုတာက အားလုံး စိတ်ဝင်တစားရှိနေတဲ့ မေးခွန်းတစ်ခုပါပဲ။ အခု အစီအစဉ်မှာ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီ နှစ်သင်းကို ရွေးနုတ်တင်ဆက်ပေးထားပါတယ်။

ဒီနှစ်သင်းဟာ မျိုးဆက်သစ် အစုအဖွဲ့အရ ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေတဲ့ အသင်းနှစ်သင်းပါ။ ပေါ်တူဂီနဲ့ယှဉ်ရင် ဘယ်လ်ဂျီယံရဲ့အစုအဖွဲ့က ကမ္ဘာ့ဖလားကို ပိုပြီး မျှော်လင့်ခွင့် ရှိနေတဲ့အနေအထားပါ။ ပေါ်တူဂီကတော့ အသင်းတွင်း ပြဿနာတချို့ ရှိလို့နေပါတယ်။ အဲ့ဒါတွေကို ပေါ်တူဂီ ဖြေရှင်းနိုင်စွမ်းရှိပါ့မလားဆိုတာလည်း စောင့်ကြည့်ရမှာပါပဲ။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အစုအဖွဲ့တွေကို လေ့လာကြည့်လိုက်ရင် ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီကိုလည်း နေရာတစ်ခု မဖြစ်မနေ ပေးအပ်ကြရမှာပါ။ ချန်ပီယံဖြစ်ခွင့်ရဖို့အတွက် ဒီနှစ်သင်းဟာလည်း အားသွန်ခွန်စိုက် ကြိုးပမ်းလာပါလိမ့်မယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်ခြေ အသင်းစာရင်းထဲမှာ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံတို့ကိုလည်း ချန်လှပ်ထားလို့ မရနိုင်ကြောင်း ဒီအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။