ချန်ပီယံဖြစ်နိုင်ခြေအသင်းစာရင်းထဲမှာ အမြဲတမ်း နာမည်ထည့်ရေးပေးရတဲ့ အင်္ဂလန်

0
4437

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၆)

ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုရဲ့ချန်ပီယံလောင်းစာရင်းကို ပြုစုကြပြီဆိုရင် အမြဲတစေ နေရာတစ်ခု ပေးရလေ့ရှိတာက အင်္ဂလန် ပါပဲ။ စာရွက်ပေါ်က ကစားသမားနာမည်စာရင်းကို ကြည့်လိုက်ပြီးရင် ဒီလိုအသင်းမျိုး ချန်ပီယံ မဖြစ်လို့ ဘယ်အသင်း ချန်ပီယံဖြစ်မှာလဲလို့ ထင်ရလောက်တဲ့အထိ အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းက တောင့်တင်းခိုင်မာပါတယ်။

ဒါပေမဲ့ စက္ကူကျား လို့ ပြောရလောက်တဲ့အထိ စာရွက်ပေါ်က နာမည်ကြီးတွေ ခြေစွမ်းမပြနိုင်တာကြောင့် ပြိုင်ပွဲကနေ စောစောစီးစီး ပတ်စာခွာ ဖျာသိမ်းရလေ့ရှိတာဟာလည်း အင်္ဂလန်ပါပဲ။

ဘာပဲဖြစ်ဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာ၊ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာ ဆိုတဲ့ အရှိန်တစ်ခုနဲ့တော့ အင်္ဂလန်ကို ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အသင်းစာရင်းထဲမှာ ထည့်ထားကြရဦးမှာပါပဲ။

နည်းပြ ဆောက်ဂိတ်နဲ့ သူ့တပည့် အင်အားစုဟာ ချန်ပီယံခရီးလမ်းကို ဘယ်လိုလျှောက်လှမ်းကြလေမလဲဆိုတာ Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။