အလှုပ်အခတ်နည်းသည့် ရွှေနှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၁၆)

0
3045

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။

နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အတက်အကျမရှိငြိမ်နေပြီး ဘတ်ဈေးလည်း အနည်းငယ်သာ တက်သည်။

92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ၁၅ ကျပ် ပြန်ကျသွားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။