အမေရိကန် သမ္မတနှင့် တရုတ်သမ္မတတို့ ၃ နာရီကြာတွေ့ဆုံ

0
3377

တရုတ်သမ္မတရှီကျင့်ဖျင် နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က တရုတ်နှင့် စစ်အေးတိုက်ပွဲသစ် ဖြစ်လာရန် အကြောင်းမရှိဟု ပြောကြားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။

တရုတ်သည် ထိုင်ဝမ်ကို ကျူးကျော် တိုက်ခိုက်လိမ့်မည်ဟု ၎င်းအနေဖြင့် မယုံကြည်ပါကြောင်း ဘိုင်ဒန် က ဆိုသည်။

ယခုတစ်ခေါက် ထိပ်သီးနိုင်ငံကြီးနှစ်ခု၏ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခြင်းသည် သမ္မတဘိုင်ဒန် အာဏာရလာပြီး နောက် ပထမဆုံး အကြိမ်ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် မြောက်ကိုရီးယား နှင့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်တို့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်သည့် G20 ဆွေးနွေးပွဲတက်ရောက်ရင်း သီးသန့်တွေ့ဆုံ စကားပြောခဲ့ကြသည်။

မစ္စတာရှီရောက်လာပြီးနောက် (၃)နာရီကြာအောင် သမ္မတနှစ်ဦး စကားပြောခဲ့ကြပြီး ခေါင်းစဉ်ပေါင်းစုံဆွေးနွေးကြကာ ထိုင်ဝမ်အကြောင်းလည်း ပါဝင်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်နေသော ကျွန်းသည် အမေရိကန်ကို မဟာမိတ်အဖြစ် သက်မှတ်ထားပြီး ထိုင်ဝမ်အရေးမှာ အမေရိကန်နှင့် တရုတ်တို့ကြားတွင် ကျယ်ပြန့်သော အရေးကိစ္စတစ်ခုဖြစ်နေသည်။

အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် တင်းမာမှုများက အမြင့်ဆုံးရောက်ခဲ့သည်။