“မက်ဆီ လိုချင်နေတဲ့ ကမ္ဘာ့ဖလား၊ အာဂျင်တီးနား မျှော်နေတဲ့ ကမ္ဘာ့ဖလား”

0
2972

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၄)

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်လည်းဖြစ်၊ GOAT လို့ သတ်မှတ်ခံထားရသူလည်းဖြစ်တဲ့ မက်ဆီအတွက် သူပါဝင်ကစားခွင့်ရတဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။

အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတစ်ခု ရောက်လာပြီဆိုရင် ချန်ပီယံဖြစ်ဖို့အတွက် အမြဲပဲ ရေပန်းစားလေ့ရှိပါတယ်။ အခုတစ်ကြိမ်မှာလည်း အာဂျင်တီးနားကို ချန်ပီယံဖြစ်နိုင်ခြေ အမြင့်မားဆုံးအသင်းတွေထဲမှာ အားလုံးက ထည့်သွင်းထားပါတယ်။

ဒီတစ်ကြိမ်မှာ အာဂျင်တီးနားအတွက် ကံကောင်းမှုတွေ ဆိုက်ရောက်လာလေမလား ဒါမှမဟုတ် အရင်တုန်းကလိုပဲ မြင်းကောင်းခွာလိပ်အဖြစ် အဆုံးသတ်သွားလေမလားဆိုတာက စိတ်ဝင်စားစရာပါပဲ။ သေချာတာကတော့ ချန်ပီယံဆုဖလားရှိရာဆီကို အာဂျင်တီးနား ချီတက်ရမယ့်လမ်းက အနည်းငယ် ကြမ်းတမ်းလွန်းနေပါတယ်။

အာဂျင်တီးနားဟာ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ဆုဖလားနဲ့ ကွာဝေးနေခဲ့တာဟာ ကာလတစ်ခု ရှိသွားခဲ့ပါပြီ။ အာဂျင်တီးနားကိုလည်း ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အသင်းစာရင်းထဲကနေပြီး ဖယ်ထုတ်ပစ်လို့ မရနိုင်ကြောင်းကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။