ထပ်ကျသည့်ရွှေဈေးနှင့် တက်လာသည့်ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၁၅)

0
3222

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။

နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးထပ်ကျသွားပြီး ဘတ်ဈေးမှာ တက်ရိပ်ပြနေသည်။ တက်ရိပ်ပြနေသည်။

ထို့အတူ 92 ဓာတ်ဆီဈေးလည်း တစ်လီတာလျှင် ၂၀ ကျပ်တက်နေသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။