စာရေးဆရာ အကြည်တော်ကွယ်လွန်

0
3914

စာဖတ်သူများကို ပြုံးပျော်စေခဲ့သူ စာရေးဆရာ အကြည်တော်သည် ရန်ကုန် ပင်လုံဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် ယနေ့ နိုဝင်ဘာလ ၉ ရက် ည ၈နာရီခွဲ ဝန်းကျင်တွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

အစာအိမ်ပြွန်ကင်ဆာရောဂါကြောင့် ထိုင်းတွင် သွားရောက်ဆေးကုသခဲ့ပြီးနောက် မြန်မာနိုင်ငံ ဆက်လက်ကုသနေစဉ် အောက်တိုဘာလ ၁၃ ရက်တွင် ရှော့ခ်ဖြစ်ကာ ရုတ်တရက်သတိမေ့မျောသဖြင့် ပင်လုံဆေးရုံတွင် အရေးယူ ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။

စာရေးဆရာ အကြည်တော်သည် ဟာသစာပေဖြင့် အလွန်အောင်မြင်ပြီး လူချစ်လူခင်များသူဖြစ်သည်။ ၎င်းရေးသားခဲ့သည့် ဝတ္ထု အများအပြားကို ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးရာတွင်လည်း အောင်မြင်ခဲ့သည်။

ကဗျာကို ဂီတသံစဉ်နှင့် ပေါင်းစပ်ကာ ကိုယ်တိုင်ရွတ်ဆိုခဲ့သည့် “ကဗျာဂီတ” အယ်လ်ဘမ်ကိုလည်း မကွယ်လွန်ခင်က ထုတ်ဝေခဲ့သည်။