အမေရိကန် ထီဆုကြီး ပေါက်သူမရှိသေး၍ ဆုကြေးငွေ ၁ ဒသမ ၉ ဘီလီယံ ဒေါ်လာအထိ စံချိန်တင်ရောက်ရှိ

0
3816

ပြီးခဲ့သည့် စနေနေ့က ထီထွက်ခဲ့သော်လည်း Jackpot ဆုကြီးပေါက်မည့်သူ မရှိခဲ့ရာ ထီဆုများကို ဆက်လက် ပေါင်းပေးသွားခဲ့ရာ အမေရိကန် Powerball ထီသည် ဆုငွေ ၁ဒသမ၉ ဘီလီယံ အထိ မြင့်တက်သွားခဲ့ပြီ ဖြစ်ကြောင်း BBC သတင်းက ဖော်ပြထားသည်။

အဆိုပါ ပရီမီယံထီသည်၃၉ ကြိမ်ဆက်တိုက် ထွက်ရှိထားပြီး အချိန် (၃)လ ကြာသည့်တိုင် ပေါက်မည့်သူ မရှိသေးခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်ကလည်း jackpot ဆုကြီးသည် ၁ ဒသမ ၅၉ ဘီလီယံအထိ တက်သွားခဲ့ပြီး Powerball ကံထူးရှင် ၃ဦးက ဝေခြမ်းရယူခဲ့သည်။

စနေနေ့က ထီဆုကြီး ပေါက်မည့်သူ မရှိခဲ့သော်လည်း Jackpot ဆုကြီးနှင့် ဂဏန်းငါးလုံး တူသည့် ကံထူးရှင် ၁၆ ဦး ထွက်ပေါ်ခဲ့ပြီး တစ်ဦးလျှင် ဒေါ်လာ တစ်သန်းစီ ရရှိခဲ့သည်။

Powerball ထီ တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၂ဒေါ်လာ ကျသင့်ပြီး ဆုငွေပေါက်လျှင် ဒေါ်လာသန်း (၉၀၀) ကျော်ရရှိသည်။ လစဉ်ပုံမှန်ထုတ်သွားသည့် ငွေရရှိနည်းကိုလည်း ရွေးချယ်နိုင်သည်။

ပေါက်မည့်သူ မရှိလျှင် ဆုငွေများကို နောက်ထပ် ထီဖွင့်သည့်အခါ ဆုဖြင့် ပေါင်းပေးသည်။ သို့ဖြစ်၍ ယခုလို ၂ဘီလီယံနီးပါးဖိုး ဖြစ်လာခြင်း ဖြစ်ပေသည်။

၁၉၉၂ ခုနှစ်ကတည်းက စတင်ခဲ့သော အဆိုပါ ထီကို အမေရိကန်ပြည်နယ် (၄၅) ခုတွင် ဖွင့်လှစ်ရောင်းချနေပြီး အခြားအမေရိကန် နယ်မြေများတွင် ထိုးနိုင်သည်။