အိန္ဒိယ၏ ပထမဆုံး မဲပေးခဲ့သူ အသက် ၁၀၅ နှစ်တွင် ကွယ်လွန်

0
3450

အိန္ဒိယ၏ ပထမဆုံး မဲပေးသူဟု သတ်မှတ်ခံရသူ သည် အသက် (၁၀၅) နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။

ဗြိတိန်(အင်္ဂလိပ်) လက်အောက်မှ လွတ်လပ်ရေးရပြီး ပထမဆုံး ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် ပထမဆုံး မဲပေးခဲ့သူမှာ မစ္စတာ ရှာရန်ဆာရန်နီဂီ ဟု ယူဆထားခဲ့ကြသည်။

မစ္စတာနီဂီသည် ထိမှစ၍ ရွေးကောက်ပွဲတိုင်းကို ပါဝင်မဲပေးခဲ့သူလည်း ဖြစ်သည်။

အသက်တစ်ရာကျော် ဘိုးဘိုး သည် မကွယ်လွန်ခင် သုံးရက်အလိုတွင် ၎င်း၏ ပြည်နယ် ဟီမာချားပရာဒက်ရှ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခဲ့သေးသည်။

မဲပေးရန် တာဝန်ကျေသူကြီးသည် အငြိမ်းစားကျောင်းဆရာ တစ်ဦးဖြစ်ပြီး ၎င်း၏ ပြည်နယ်သည် ၁၉၅၂ အထွေထွေ ရွေးကောက်ပွဲအတွင်း ရာသီဥတုကြောင့် မဲပေးသည့်နေ့ကို စောပြီး ပြုလုပ်ခဲ့ရာ ၎င်းက ပထမဆုံး မဲလာပေးသူ ဖြစ်ခဲ့သည်။

ထိုရွေးကောက်ပွဲတွင် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီက အပြတ်အသက် အနိုင်ရခဲ့ရာ နေရူး က အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

မစ္စတာနီဂီ နောက်ဆုံးမဲပေးခဲ့သော ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် ဘိုးဘိုးကြီးကို ကောဇောနီဖြင့် ကြိုဆိုခဲ့သည်။