မြိတ်တွင် ကုန်ခြောက်စျေးများ ထပ်မံမြင့်တက်ခဲ့သည့် ယခုအပတ်ကုန်စည်စျေးကွက်

0
3332

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ကုန်ခြောက်စျေးနှုန်းများ ထပ်မံမြင့်တက်လာသည်ကို တွေ့ရသည်။

အခြေခံစားသောက်ကုန်တို့အနက် ငရုတ်သီးခြောက်(ရွှေအပ်)ဈေးသည် တစ်ပတ်အတွင်း ၁၂၅၀၀ ကျပ်အထိ ထိုးကျရာမှ ၁၇၀၀၀ ကျပ်အထိ ပြန်တက်ခဲ့ပြီး ငရုတ်သီးခြောက်(ငရုပ်ပု)ဈေး တစ်ပိဿာလျှင် ၂၂၅၀၀ ကျပ်အထိ ထိုးတက်လာခဲ့သည်။

ထို့ပြင် ပုဇွန်ခြောက်အလတ်ဆိုဒ် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မြင့်တက်ခဲ့ပြီး၊ ကန်စွန်းရွက်တစ်စီး တစ်ရာကျပ်၊ ကြက်ဥတစ်လုံး နှစ်ဆယ်ကျပ်မြင့်အထိ မြင့်တက်လာခဲ့သည်။

ကြက်သွန်နီ‌ဈေးသည် ထပ်မံမြင့်တက်လာပြီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြစ်‌နသည်။

စားအုန်းဆီဈေးမှာ တည်ငြိမ်နေပြီ ၁၀ ပိဿာပါ ပုံးဝါ တစ်ပုံးလျှင် ၆၆၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနေကြရသည်။

မြိတ်မြို့တွင် အခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းသည် မြင့်တက်လာနေသဖြင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုဒဏ်ကို ခံစားနေရဆဲဖြစ်သည်။