ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံနိုင်သူများကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်ဟု သမ္မတဘိုင်ဒင် သတိပေး

0
4021

လာမည့် သီတင်းပတ်တွင် စတင်မဲပေးကြမည့် သက်တမ်းလယ် ရွေးကောက်ပွဲများတွင် အရှုံးကို လက်ခံရန် ငြင်းဆန်သည့် ကိုယ်စားလှယ်လောင်းများကြောင့် တိုင်းပြည် ကမောက်ကမ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။

နိုဝင်ဘာလ (၈) ရက်နေ့တွင် မဲပေးကြရာတွင် နိုင်ငံရေးအကြမ်းဖက်မှုများကို အမေရိကန်ပြည်သူများက တညီတညွတ်တည်း ဆန့်ကျင်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။

ဒီမိုကရက်သမ္မတတစ်ဦးဖြစ်သော ဘိုင်ဒင် က ယခင်သမ္မတဟောင်း ဒိုနယ်ထရန့်နှင့် ၎င်းကို ထောက်ခံသူများက အလိမ်အညာ လုပ်ဇာတ်များဖြင့် အမုန်းပွါးစေရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင် ၏ ပြောကြားချက်သည် သွေးခွဲကာ သူ့လိုအပ်ချက်များကို လမ်းကြောင်းပြောင်းခြင်း ဖြစ်ကြောင်း ရီပတ်ပလစ်ကန် များ က ပြန်လည် တုန့်ပြန်ထားသည်။

ဆီးနိတ်လွှတ်တော်ကို ဒီမိုကရက်များက အနိုင်ရသွားနိုင်ပြီး ရီပတ်ပလစ်ကန်များက ကွန်ဂရက်ကို ထိန်းချုပ်သွား နိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

၂၀၂၀ သမ္မတရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လုပ်ရန်အတွက် ထရမ့်ကို ထောက်ခံသူများက အမေရိကန် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ဘိုင်ဒင် က တိုင်းပြည်ကို ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

လာမည့် ရွေးကောက်ပွဲ၌ အရှူံးကို လက်မခံရန် သွေးထိုးမှုများသည် တိုင်းပြည်ကို ကမောက်ကမ လမ်းကြောင်းပေါ် ရောက်သွားစေကာ ယခင်က မဖြစ်ခဲ့ဘူးဘဲ၊ တရားမဝင်သည့် အမေရိကန်မဆန်သော လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။