အီတလီတွင် ဓါးဖြင့်လိုက်လံတိုက်ခိုက်၍ လူတစ်ဦးသေဆုံး၊ အာဆင်နယ်ကစားသမားတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရ

0
3338

အီတလီနိုင်ငံ မြောက်ပိုင်း မီလန်မြို့အနီး ဆူပါမားကတ်တစ်ခုတွင် ဓါးဖြင့် လိုက်လံထိုးမှု ဖြစ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီ အနည်းဆုံး လေးဦး ဒဏ်ရာရရှိရာ အာဆင်နယ် ကစားသမားတစ်ဦး ပါဝင်ကြောင်း BBC သတင်းက ဖော်ပြထားသည်။

မီလန်မြို့အနီး အက်ဆာဂို ဒေသတွင် လူတစ်ဦးက ဓါးဖြင့် လိုက်လံတိုက်ခိုက်ရာမှ Carrefour ဆူပါမားကတ်မှ အသက် (၃၀) အရွယ် ငွေရှင်းကောင်တာ ဝန်ထမ်း သေဆုံးသွားခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများထဲတွင် အာဆင်နယ်မှ အငှားဖြင့် ပြောင်းရွှေ့လာသော ဘောလုံးသမား ပက်ဘလိုမာရီ လည်း ပါဝင်သည်။

အသက် ၄၆ နှစ်အရွယ် တရားခံဟု ယူဆရသူကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုကျူးလွန်ရခြင်း အကြောင်းရင်း ကို ရဲက မထုတ်ပြန်သေးပေ။

ဓါးဖြင့်လိုက်လံ တိုက်ခိုက်သူတွင် စိတ်ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သတင်းထုတ်ပြန်ချက်များက ဖော်ပြထားသည်။

ဒေသစံတော်ချိန် ညနေ ၆နာရီခွဲလောက်တွင် အဆိုပါ အမျိုးသားက လူအများကို ကြုံရာကျပန်း လိုက်လံ ဓါးဖြင့် ထိုးခြင်း ဖြစ်သည်။

တရားခံကို အများသူငါက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး ရဲများရောက်လာသောအခါ လွှဲအပ်လိုက်ကြခြင်း ဖြစ်သည်။