ဗြိတိန်ဂီတဝိုင်းတစ်ခုက သီချင်းအယ်ဘမ်သစ်ကို တစ်ခွေထဲထုတ်ကာ ပေါင်တစ်သန်းဖြင့် ရောင်းချ

0
3439

The Pocket Gods လို့ အမည်ရတဲ့ Indie တေးဂီတအဖွဲ့ တစ်ဖွဲ့ဟာ အယ်ဘမ်အသစ် ထုတ်ပါမယ်။ အခွေ တစ်ချပ်တည်းပဲ ထုတ်ပြီး ရောင်းမှာပါတဲ့။ ရောင်းစျေးကတော့ ပေါင်တစ်သန်း ဖြစ်သတဲ့။

Vegetal digital လို့ အမည်ပေးထားတဲ့ အခွေအသစ်ကို စိန့်အယ်ဘန်စ် ဒေသ အခြေစိုက် ဂီတဝိုင်းက ဟတ်ဖို့ရှိုင်းယားမြို့ ဓာတ်ပြားဆိုင် တစ်ဆိုင်မှာ တင်ပြီး ရောင်းချထားတာ ဖြစ်ပါတယ်။

အကယ်၍ ရောင်းချခွင့်ရခဲ့ရင် အနုပညာရှင်တွေကို ငွေပိုပေးတဲ့ အွန်လိုင်းဝန်ဆောင်မှု တစ်ခုကို Spotify နဲ့ စင်ပြိုင် ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

ထိုကိစ္စနဲ့ ပတ်သက်ပြီးတော့ Spotify ကို ဆက်သွယ်ပြီး မှတ်ချက်တောင်းခံထားတယ်လို့ BBC က ဆိုပါတယ်။

Spotify က သူ့ဆီမှာ တစ်ခါနားထောင်သွားတိုင်း အနုပညာရှင်ကို ၀ဒသမ၀၀၂ ပေါင် ပေးအပ်ပါသတဲ့။ ဒါပေမဲ့ ဂီတဖိုင်ဟာ (၃၀) စက္ကန့်ထက်တော့ ပိုကြာရပါမယ်တဲ့။

သူတို့အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စက္ကန့်၃၀ လောက်ပဲ ရှိတဲ့ သီချင်းတွေ ထုတ်ဝေခဲ့ပေမယ့် မျှတတဲ့ ဝင်ငွေ မရရှိခဲ့ပါဘူးလို့ The Pocket Gods ရဲ့ ရှေ့ထွက်အဆိုတော် မာ့ခ်ခရစ္စတိုဖာလီ က ပြောကြားပါတယ်။

အဲဒီအဖွဲ့ဟာ ဒစ်ဂျစ်တယ်ကနေ သီချင်းအယ်ဘမ် အများဆုံး ထွက်ရှိထားတဲ့ ကမ္ဘာ့စံချိန်လည်း တင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။