ဆန်ဈေးအနည်းငယ်ပြန်တက်လာသည့် ကုန်စည်စျေးကွက်

0
3721

မြိတ်မြို့၏ အခြေခံစားသောက်ကုန်အများစုမှာ ဈေးနှုန်းတည်ငြိမ်နေခဲ့ပြီး ဆန်‌ဈေးနှုန်းသာ အနည်းငယ်မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်မှစပြီး ၃ ပတ်ဆက်တိုက် ဈေးတည်ငြိမ်နေခဲ့သည့် ဆန်ကြမ်းတစ်အိတ်လျှင် ၁၅၀၀ ကျပ်အထိ ဈေးအနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်။

ယခင်အပတ်က စားအုန်းဆီ ၁၀ ပိဿာပါ စားအုန်းဆီ(ပုံးဝါ)သည် ၇၀၀၀၀ ကျပ်မှ ၆၃၀၀၀ ကျပ်သို့ ဈေးပြန်ကျဆင်းလာသည်။

ရေထွက်ကုန်များဖြစ်ကြသည့် ပုဇွန်ခြောက်ဈေးနှုန်းတို့နှင့် ကြက်၊ ဝက်၊ အမဲသားဈေးနှုန်းတို့ ပြောင်းလဲမှုမရှိပဲ တည်ငြိမ်နေသည်။

သို့သော် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်ကို ပြည်သူများခံစားနေရဆဲဖြစ်သည်။