အမေရိကန်ငွေကြေးမှာ မျက်နှာပုံသွင် ပထမဆုံးဖော်ပြခံရမယ့် အာရှသူ အမျိုးသမီး

0
3751

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး တရုတ်-အမေရိကန် အန်နာမေဝေါင်း ဟာ အမေရိကန်ငွေကြေးမှာ မျက်နှာပုံ ဖော်ပြခံရတဲ့ ပထမဆုံး အာရှနွယ်ဖွါး တစ်ယောက်ဖြစ်ကြောင်း BBC သတင်းဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အမေရိကန် တမတ်တန် အကြွေစေ့မှာ သူ့ပုံကို ဖော်ပြမှာ ဖြစ်ပြီးတော့ ထူးချွန်တဲ့ အမျိုးသမီးများ ထဲမှ တစ်ဦးအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဟောလိဝုဒ်မှာ ပထမဆုံး တရုတ်နွယ်ဖွါး အမေရိကန်သူအဖြစ် ထင်ရှားခဲ့တဲ့ အန်နာမေဝေါင်း ဟာ အကြွေစေ့မှာ ယခုနှစ်အတွင်း ပုံနှိပ်ခံရတာ ဖြစ်ပြီးတော့ (၅) ဦးမြောက်နဲ့ နောက်ဆုံး အမျိုးသမီး ဖြစ်ပါတယ်။

တနင်္လာနေ့မှာ စျေးကွက်ထဲ ထွက်လာမယ့် ၂၅ဆင့်တန် ငွေကြေးအကြွေစေ့ရဲ့ တစ်ဖက်မှာ သမ္မတဂျော့ဝါရှင်တန် ပုံ ပါပြီးတော့ တစ်ဖက်မှာတော့ မစ်စ်ဝေါင်းရဲ့ ရုပ်ပုံ ပါမှာ ဖြစ်ပါတယ်။

အာရှ အမေရိကန် သရုပ်ဆောင်များရဲ့ ကဏ္ဍ ပိုမိုတိုးတက်လာအောင် ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ သတ္တိရှင် အပြောင်းအလဲလုပ်ဆောင်သူ တစ်ဦးဖြစ်တဲ့ အတွက် ယခုလို ဂုဏ်ပြုခဲ့တာလို့ စီစဉ်သူတွေက ဖော်ပြထားပါတယ်။

အန်နာမေဝေါင်း ကို ၁၉၀၅ ခုနှစ်တွင် လော့အိန်ဂျလိစ်မြို့မှာ တရုတ်ရွှေ့ပြောင်းမိသားစုက မွေးဖွါးခဲ့ပြီးတော့ အသက် ၁၄ နှစ်မှာ ရုပ်ရှင်လောကထဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။

အသံတိတ်ရုပ်ရှင်များ အပါအဝင် ဆေးရောင်စုံ ခေတ်ဦးအထိ ရုပ်ရှင်ကားကြီးပေါင်း ၆၀ မှာ သရုပ်ဆောင်ခဲ့ပြီး အာရှ အမေရိကန် တွေအတွက် လမ်းဖောက်ခဲ့သူ ဖြစ်ပါတယ်။