ထားဝယ်အိမ်ရှေ့ပြင်တံတားအောက်တွင် အမျိုးသားအလောင်းတွေ့

0
4302
ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့

ထားဝယ် အိမ်ရှေ့ပြင်တံတားအောက်တွင် ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်က အမျိုးသား တစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်က ယင်းတံတားအောက်တွင် လူလတ်ပိုင်းရွယ် အမျိုးသားတစ်ဦးသည် ဘောင်းဘီတို ဝတ်ဆင်ထားပြီး အင်္ကျီမပါဘဲ ရေထဲတွင် မှောက်လျက်အနေထားဖြင့် သေဆုံးနေကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သွားကြည့်တဲ့အခါမှာ လက်တစ်ဖက်က သစ်ကိုင်းကို ကိုင်ထားတယ်။ ပြင်ပ ဒဏ်ရာတော့ မတွေ့ရဘူး။ ခြေထောက်မှာ ငါးစားထားတဲ့ ပွန်းပဲ့ ဒဏ်ရာလောက်ပဲရှိတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဟု ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

အလောင်းကိုမူ ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။