ဈေးထပ်ကျသည့်ရွှေနှင့် ငြိမ်နေသည့်ဘတ်ဈေး ယနေ့ဈေးနှုန်း (အောက်တိုဘာ ၁၉)

0
3415

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။

အောက်တိုဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်း ဈေးကျသွားပြီး ဘတ်ဈေးမှာ ငြိမ်နေသည်။

92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ၁၀ ကျပ် ဈေးတက်သွားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။