စားအုံးဆီဈေး ခြောက်ပတ်ဆက်တိုက်ကျနေတဲ့ ထားဝယ်ဈေးကွက်

0
3720

ထားဝယ်တွင် စားအုပ်ဆီးဈေး ခြောက်ပတ်ဆက်တိုက်ကျလာနေသည်။

စက်တင်ဘာလ ပထမပတ်က စားအုံးဆီပုံးဝါတစ်ပုံး ၉၅၀၀၀ ကျပ်မှ အောက်တိုဘာ ဒုတိယပတ်တွင် ၆၈၀၀၀ ကျပ်သာရှိတော့သည်။

စားအုံးဆီပုံးဝါတစ်ပုံးဈေးမှာ နှစ်လအတွင်း ၂၇၀၀၀ ကျပ်ကျဆင်းလာခြင်းဖြစ်သည်။

စတင်ဘာလ ၂ ရက်ကစပြီး ခြောက်ပတ်ဆက်တိုက်ဈေးငြိမ်နေသည့် အကယ်ဒမီ ဆန်ဈေးမှာ အောက်တိုဘာ ဒုတိယပတ်တွင် အမျိုးအစားလိုက်ကျပ်တစ်ထောင်မှ ကျပ် နှစ်ထောင်အထိဈေးအနည်းငယ် မြင့်တက်လာသည်။

တရုတ်ကြက်သွန်ဝင်လာခြင်းကြောင့် ပြည်တွင်းမှာ ကြက်သွန်ဈေးတည်ငြိမ်နေသလို ထားဝယ်တွင်လည်း တည်ငြိမ်လျက်ရှိသည်။